
Servant of the People
Synopsis of Servant of the People (2015) Season 1




Servant of The People
IMDb 6.9
Political satire
ဒီစီးရီးကတော့ ယူကရိန်းသမ္မတ ဇလန်စကီးရဲ့ နာမည်ကျော်ရုပ်သံစီးရီးဖြစ်ပါတယ်…ဘယ်လောက်နာမည်ကျော်ခဲ့သလဲဆိုရင် ဒီစီးရီးမှာ သရုပ်ဆောင်ခဲ့တဲ့ ဇလန်စကီးဟာ ၂၀၁၉ ခုနှစ် ယူကရိန်းနိုင်ငံရဲ့ရွေးကောက်ပွဲမှာ သမ္မတဖြစ်ခဲ့တဲ့ထိ လူကြိုက်များခဲ့ပါတယ်။
စီးရီးရဲ့နာမည်က Servant of The People “လူထုရဲ့အစေခံ” တဲ့။
နိုင်ငံတစ်ခုရဲ့သမ္မတ/အစိုးရဆိုတာ လူထုရဲ့အစေခံအဖြစ် အလုပ်အကျွေးပြုရပါမယ်ဆိုတဲ့ သဘောမျိုးပေါ့…”လူထုအစေခံ”ဆိုတဲ့နာမည်နဲ့ပါတီထောင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီး သမ္မတဖြစ်ခဲ့တဲ့ ဇလန်စကီးဟာတော့ ယနေ့ချိန်ခါမှာ အင်အားကြီးရုရှားနိုင်ငံရဲ့ကျူးကျော်မှုကို ယူကရိန်းလူထုနဲ့အတူ ဦးဆောင်ဖြေရှင်းနေတာ တွေ့ရမှာပါ။
ဇာတ်လမ်းကိုပြန်ဆက်ရရင်..
ဇလန်စကီးက ရုပ်ရှင်ထဲမှာ ရိုးရိုးကျောင်းဆရာတစ်ယောက်ဗျ။ မိန်းမဖြစ်သူနဲ့ကလေးနဲ့ကွဲထားပြီး သူ့မိဘအိမ်မှာ ပြန်လာတက်နေနေတဲ့ ကျောင်းဆရာကိုလူအေးပေါ့ဗျာ။ ကိုလူအေးဆိုပေမဲ့ အေးချင်လို့အေးနေတာတော့မဟုတ်ဘူး။ သမိုင်းသင်တာဆိုတော့ အကုန်လုံးကို သိပေမဲ့ မသိချင်ယောင်ဆောင်ပြီး စိတ်လျှော့ထားရတာမျိုးပေါ့။ ဒါပေမဲ့စိတ်မရှည်တော့တဲ့အထိ သည်းခံနိုင်စွမ်းကုန်သွားတဲ့တစ်နေ့ ဒုကျောင်းအုပ်ကို ရွေးကောက်ပွဲကိစ္စတွေ၊ နိုင်ငံရေးဂျင်းသမားတွေအကြောင်းတွေ၊ နိုင်ငံတော်ကြီးအမြဲဘာလို့သောက်တစ်လွဲဖြစ်နေရလဲတွေကို ပေါက်ကွဲပွင့်ထွက်ပြောနေတဲ့ ဗီဒီယိုကို သူ့ကျောင်းသားတစ်ယောက်က ခိုးရိုက်ပြီး လိုင်းပေါ်တင်ရာကနေ လူပေါင်းသန်းချီသဘောကျသွားတာကနေ ဇာတ်လမ်းစသွားတယ်ပေါ့ဗျာ။
တစ်ခါမှမပေါက်ကွဲဖူးတဲ့ ရိုးရိုးအေးအေးသမိုင်းဆရာတစ်ယောက်ရဲ့ သမ္မတနေရာမှာ ကျုပ်တစ်ပတ်လောက်နေပြီး လုပ်ပြကိုင်ပြရမလားဆိုတဲ့စကား ရေပန်းစားသွားရာကနေ သူ့ကိုသမ္မတနေရာဝင်ပြိုင်ခွင့်ရအောင် ဘယ်လိုကြိုးစားလိုက်လို့သမ္မတဖြစ်သွားတယ်၊ သမ္မတဖြစ်ပြီးတဲ့နောက်မှာရော ပါတီကြီးတွေရဲ့ဘယ်လိုတိုက်ခိုက်မှုတွေကြုံရမယ်၊ သူပြောတဲ့အတိုင်း တကယ်ကြီးစွမ်းဆောင်နိုင်မှာလား၊ တကယ့်ကို လူထုရဲ့အစေခံဖြစ်လာမှာလား၊ နိုင်ငံရေးလောကရဲ့ ရွံစရာကောင်းတဲ့အချက်တွေ၊ ဒီမိုကရေစီစနစ်ရဲ့ဟာကွက်တွေ၊ ပြည်သူတွေကို ဇကောထဲက ဆီဖြူးသီးလေးတွေလို လှိမ့်ဖို့ကြိုးစားနေတဲ့ နိုင်ငံရေးဂျင်းသမားတွေကို ဗက်ဆလာဆိုတဲ့ ရုတ်တရတ်သမ္မတကောက်ဖြစ်တဲ့ ဇလန်စကီးဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ဟာသတွေ သရော်တာတွေ၊ ရှယ်သိပ်တာတွေနဲ့ Satire ဆန်ဆန် ခံစားရယ်မောရမှာပါ။
Season ၃ ခုထွက်ရှိထားတာဖြစ်ပြီး စုစုပေါင်း ၅၁ ပိုင်းရှိပါတယ်… Season 1 မှာတော့ ၂၃ ပိုင်းပါရှိပြီး Season-1 ကို အရင်ခံစားကြည့်ကြတာပေါ့။
Quality….WEB-DL 1080p
File Size….(600 MB Appx)
Format…mp4
Total Episode… 51 Episode (Season-1=Ep 23)
Subtitle….Myanmar Subtitle (Hardsub)
Season 01
S01 Complete Zip(13GB)>>>Yoteshin
Episode 1 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 2 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 3 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 4 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 5 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 6 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 7 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 8 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 9 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 10 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 11 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 12 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 13 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 14 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 15 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 16 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 17 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 18 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 19 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 20 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 21 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 22 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Ep 23(END) >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Season 2
အားလုံးပဲစောင့်မျှော်နေကြတဲ့ ယူကရိန်းသမ္မတ ဇလန်စကီး အပြင်မှာသမ္မတမဖြစ်ခင် သူကိုယ်တိုင်သမ္မတနေရာက သရုပ်ဆောင်ပြီးရိုက်ကူးခဲ့တဲ့ နိုင်ငံရေးဟာသ Political Satire ဇာတ်လမ်းတွဲလေး Servant of The People ရဲ့ Season 2 ကိုတင်ဆက်ပေးလိုက်ပါပြီ။ Season 1 ကိုကြည့်ဖူးကြတဲ့သူတွေကတော့ ဘယ်လိုဇာတ်လမ်းလဲဆိုတာ သိပြီးသားဖြစ်မှာမို့ အထူးတလည် မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။
ဒီဇာတ်လမ်းတွဲဟာ အမှန်တကယ်ဆိုရင် ယူကရိန်း-ရုရှားကျူးကျော်စစ်ဖြစ်တဲ့အချိန်မှ နာမည်ကြီးသင့်တာမဟုတ်ပဲ စထွက်ထဲကကို ကမ္ဘာကျော်ခဲ့သင့်တာပါ။ သရော်တဲ့နေရာမှာလည်း ကိုယ်တိုင်က နိုင်ငံရေးကို ထဲထဲဝင်ဝင်လေ့လာထားရမှာဖြစ်တဲ့အပြင် တော်ရုံဗဟုသုတနဲ့လည်း ဒီလိုဘက်စုံထောင့်စုံထိမိအောင်ရိုက်နိုင်မှာမဟုတ်တဲ့အတွက် ဇာတ်လမ်းဖန်တီးသူတွေရဲ့အရည်အချင်းကို မဖြစ်မနေအသိအမှတ်ပြုရမှာဖြစ်ပြီး သရုပ်ဆောင်တွေရဲ့နေရာအလိုက် အကောင်းဆုံးသရုပ်ဆောင်နိုင်မှုတွေကလည်း တကယ်ကိုချီးကျူးစရာပါ။ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ အနောက်နိုင်ငံတွေ၊ အဂတိမှုတွေ၊ အာဏာသိမ်းမှုတွေစတဲ့ ရာဇဝင်ဆိုးတွေမရှိခဲ့တဲ့နိုင်ငံက လူတွေအတွက် ရင်ထဲရောက်ချင်မှရောက်နိုင်ပေမယ့် ကျွန်တော်တို့လိုမျိုးစုံ ကြုံဖူးတဲ့နိုင်ငံအတွက်တော့ သူတို့ပြောတဲ့ ဒိုင်ယာလော့ဂ်တိုင်းကိုက လာလာထိနေတော့တာပါပဲ။ သူ့ Comedy က Satire ဖြစ်တာကြောင့် တချို့နေရာလေးတွေမှာ ယုတ္တိမရှိတာမျိုး၊ အလွန်အကျူးတွေ တမင်လုပ်ပြတာမျိုးရှိပေမယ့် အဲဒါကို ပေါတယ်လို့သတ်မှတ်လို့မရပါဘူး။ Satire ဆိုတာ သရော်ခြင်းဆိုတော့ တစ်ခါတစ်လေကျ တမင်ရွဲ့ပြီး ချဲ့ကားပြရတာမျိုးမို့ပါ။
Season 2 အကြောင်းကိုပြန်သွားရရင်တော့ Season 1 ထက် ပိုလည်းရယ်ရတဲ့အပြင် ပိုထိမိတဲ့သရော်ချက်တွေနဲ့ ဇာတ်လမ်းကလည်း ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါတယ်။ ပုံမှန်ဆိုရင်တော့ Season 2 အကြောင်းပြောတဲ့အခါ 1 ကဘယ်လိုပြီးသွားလို့ဘာဆက်ဖြစ်တယ်ဆိုပြီး ပြောပေးချင်ပေမယ့် Season 1 ကိုလည်း ခုမှစကြည့်မယ့် ပရိသတ်တွေရှိနိုင်သေးတာမို့လို့မပြောတော့ပါဘူး။ Season 1 ကြည့်ပြီးတဲ့ပရိသတ်ဖြစ်ဖြစ် ခုမှစကြည့်မယ့်သူတွေပဲဖြစ်ဖြစ် တကယ်ကိုပစ်ရက်စရာမရှိတဲ့ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့် ဗဟုသုတအနေနဲ့ဖြစ်ဖြစ် အပျင်းပြေအနေနဲ့ပဲဖြစ်ဖြစ် ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ စကားမစပ်ပြောရရင် နိုင်ငံရေးကားဆိုပြီးပျင်းစရာကြီးလားမသိဘူး ငါတို့တော့နားလည်မှာမဟုတ်ဘူးလို့တွေးပြီး မကြည့်တော့ဘူးလုပ်နေရင် မှားသွားပါလိမ့်မယ်။ တော်ရုံကလေးကအစနားလည်လောက်အောင် အရိုးရှင်းဆုံးရိုက်ပြထားတာမို့လို့ပါ။
Season 2 ZIP
Ep 1 to 6 zip >>> Yoteshin
Ep 7 to 11 zip >>> Yoteshin
Ep 12 to 17 zip >>> Yoteshin
Ep 18 to 23 zip >>> Yoteshin
Episode 1 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 2 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 3 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 4 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 5 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 6 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 7 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 8 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 9 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 10 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 11 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 12 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 13 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 14 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 15 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 16 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 17 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 18 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 19 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 20 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 21 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 22 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 23 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Season 3
The Servant of the People လူထုအစေခံတဲ့။ Season 1 နဲ့ Season 2 လည်းကြည့်ပြီးကြပြီဆိုတော့ ဇာတ်ရှိန်ကလုံးဝမကျသွားတာကို သိကြမယ်ထင်ပါတယ်။ ဘယ်လောက်ထိကောင်းလဲဆိုရင်တော့ S2 ပြီးတဲ့အချိန်မှာ S3 ကို ဆက်မျှော်နေတဲ့ထိကို ကောင်းလှတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာကတော့ Season 1 နဲ့ Season 2 မှာ အပိုင်း 20 ကျော်တွေကြည့်လာရသမျှ Season 3 မှာတော့ စုစုပေါင်း ၃ ပိုင်းသာရှိပါတော့တယ်။
အပိုင်းတိုင်းဟာ ၁ နာရီနီးပါးစီကြာမြင့်ပြီး ကျွန်တော်အနေနဲ့ မှတ်ချက်ပြုရမယ်ဆိုရင် ဇာတ်လမ်းဟာ အမြန်အဆုံးသတ်ပစ်လိုက်သလိုကြီး လုံးဝကို ဖြစ်မနေပါဘူး။ Season 1 နဲ့ Season 2 အတိုင်း အလွန်ကောင်းတဲ့ ခံစားချက်ကိုရနေဦးမှာဖြစ်သလို Season 2 နောက်ဆုံးပိုင်းမှာ ဖြစ်သွားတဲ့ကိစ္စကြီးအပြီးမှာ ဘာဆက်ဖြစ်သွားသလဲ၊ ယူကရိန်းနိုင်ငံရဲ့အခြေအနေဟာရော ဘယ်လိုတွေဆက်ဖြစ်လာခဲ့တယ်ဆိုတာကို ဆက်လက်ရှုစားရဦးမှာလည်းဖြစ်ပါတယ်။
တကယ်တော့ Season 3 ၃ ပိုင်းရဲ့ ဇာတ်လမ်းဇာတ်ကွက်ပျိုးပုံဟာ Season 1,2 နဲ့စာရင်တော့ ကွဲပြားမှုရှိနေပါတယ်။ ဘယ်လိုကွဲပြားမှုလဲဆိုရင်တော့ အနာဂတ်က ကျောင်းသားတစ်စုက ယူကရိန်းနိုင်ငံရဲ့ 2019-2023 အရေးအခင်းကာလကို ပြန်လည်လေ့လာတဲ့ပုံစံလိုမျိုး ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ ဒီ Season 3 မှာရိုက်ထားသလိုမျိုး ယူကရိန်းဟာ အပြင်လောကမှာလည်း တကယ်ကြီး ဒုက္ခရောက်တဲ့ကာလကြီးဖြစ်နေရပါပြီ။ ဒုက္ခရောက်ပုံရောက်နည်းကွဲပြားရုံသာရှိပါတော့တယ်။ ဒါကြောင့် ရှယ်ကြည့်ကောင်းနေသေးတဲ့ The Servant of the People Season 3 ကိုလည်း ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ…
S03 Complete Zip >>> Yoteshin
Episode 1 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 2 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Episode 3 >>> Yoteshin / Megaup / MegaNZ / Usersdrive / StreamSB
Creator:Volodymyr Zelenskyy
Stars:Heorhii Povolotskyi, Nataliia Sumska, Oleksandr Pikalov, Olena Kravets, Stanislav Boklan, Viktor Saraikin, Volodymyr Zelenskyy, Yevhen Koshovyi, Yurii Krapov
Networks:1+1