Newtopia
Synopsis of Newtopia (2025)
အားလုံးစောင့်ဆိုင်းနေခဲ့ရတဲ့ ဇွန်ဘီကားအသစ် Newtopia ဟာ နောက်ဆုံးမှာတော့ ပရိသတ်
ရှေ့မှောက်ကို ရောက်ရှိလာခဲ့ပါပြီ .. ။ Blackpink အဖွဲ့ဝင် အလှလေး Kim Jisoo နဲ့ The 8-show,
Light shop စသဖြင့် အခြားသောနာမည်ကြီးဒရာမာများစွာမှာ ပါဝင်ထားတဲ့ မင်းသားချော
Park Jeong-Min တို့ Main Cast အနေနဲ့ ပါဝင်ထားကြတဲ့ ဇွန်ဘီဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
*************
Lee Jae-Yoon(Park Jeong-Min) ကတော့ အခြားသော သက်တူရွယ်တူတွေထက် နောက်ကျပြီး
အသက် ၂၆ မှ စစ်မှုထမ်းနေရသူတစ်ဦးပါ ။ သူ့ရဲ့ချစ်သူကောင်မလေးဖြစ်တဲ့ Kang Young-Joo
(Kim Jisoo) ကတော့ တက္ကသိုလ်တက်စဉ်က ရုပ်ရည်ချောမောမှုကြောင့် အလှဘုရင်မလို့ နာမည်ကြီးခဲ့ပြီး
အခုလက်ရှိမှာတော့ ကုမ္ပဏီတစ်ခုရဲ့ သာမန်ဝန်ထမ်းတစ်ယောက်ပဲဖြစ်ပါတယ်။
Lee Jae-Yoon တစ်ယောက် သူ့ရဲ့အနာဂါတ်နဲ့ပက်သက်ပြီး ပူပန်သောကရောက်နေရတာနဲ့တင်
ချစ်သူကောင်မလေးရဲ့ခံစားချက်တွေကို အလေးမထားမိဘဲ သမီးရည်းစားနှစ်ယောက်ရဲ့ဆက်ဆံရေးဟာ
အေးစက်လာပြီးတော့ ပြတ်လုဆဲဆဲဖြစ်နေတဲ့အချိန်….
တစ်ရက်မှာတော့ လူတွေကို ဇွန်ဘီအဖြစ် ကူးစက်ပြောင်းလဲစေတဲ့ ဘယ်ကမှန်းမသိတဲ့ ဗိုင်းရပ်စပ်တစ်ခု
ပေါ်ထွက်လာပြီး ဆိုးလ်မြို့တစ်ခုလုံးကို လွှမ်းခြုံသွားပါတော့တယ်။
ထိတ်လန့်စရာပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ရင်း သန်မာရဲရင့်လာတဲ့ ကုမ္ပဏီဝန်ထမ်းလေး Kang Young-Joo နဲ့
စစ်သားဖြစ်နေပေမဲ့လည်း အားနည်းပြီးတော့ ယုံကြည်ချက်မရှိတဲ့ Lee Jae-Yoon တို့နှစ်ယောက်ဟာ
ကြောက်မက်ဖွယ်ကောင်းတဲ့ဇွန်ဘီတွေကို တစ်ဆင့်ချင်းစီ နှိမ်နှင်းပြီးတော့ အပျက်အစီးတွေကြားထဲမှာ
ပြန်လည်ဆုံစည်းအောင် ကိုယ်စီ ဘယ်လိုကြိုးစားသွားကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့
ဇာတ်လမ်းတွဲကောင်းလေးဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုကြပါဦးနော်။
Episodes: 8
Aired: Feb 7, 2025 – Mar 21, 2025
Aired On: Friday
Original Network: COUPANG TV
Genres: Action, Thriller, Romance, Fantasy
Episode 01
[720p] »»» UsersDrive • Yoteshin • MegaUp • GDToT
[1080p] »»» UsersDrive • Yoteshin • MegaUp • GDToT
Episode 02
[720p] »»» UsersDrive • Yoteshin • MegaUp • GDToT
[1080p] »»» UsersDrive • Yoteshin • MegaUp • GDToT
Creator:Han Jin-won, Ji Ho-jin
Stars:Hong Seo-hee, Im Sung-jae, JISOO, Kang Young-suk, Kim Jeong-jin, Kim Jun-han, Lee Hak-ju, Lim Su-Bin, Park Jeong-min, Tang Joon-sang
Networks:Coupang Play