Golmaal 3 (2010)
ပရမ်းပတာ ၃
Thank you for reading this post, don't forget to subscribe!
အဂျေးနဲ့ ကရီနာကပူးရ်တို့ရဲ့ Golmaal series ထဲက
တတိယမြောက်ကားကို ပရိသတ်တွေအတွက်
ထပ်မံတင်ဆက်ပေးချင်ပါတယ်။
ဒီ တတိယမြောက် Golmaal ရုပ်ရှင်ဟာဆိုရင်
သူ့ခေတ်သူခါမှာတော့ တစ်နှစ်တာ
ဒုတိယဝင်ငွေအများဆုံးဖြစ်ခဲ့တဲ့ထိ အောင်မြင်ခဲ့တာပါ။
ဇာတ်လမ်းလေးကတော့ Golmaal ကားတွေရဲ့ထုံးစံ..
အစပိုင်းမှာ ဂိုပယ်တို့မိသားစု ဂိုအာကမ်းခြေမှာ
စီးပွားရေးပေါင်းစုံလုပ်ဖို့ ကြိုးစားနေကြတုန်းမှာ
ဘာလုပ်လုပ် သူတို့နဲ့ အကြံတူနေပြီး
မြင်တာနဲ့ ရန်ဖြစ်ကြတဲ့ သားအဖလေးယောက်နဲ့
ကွိုင်တွေတက်ပုံကို မြင်ကြရမှာပါ။
ဒါပေမဲ့ အဲဒီသားအဖလေးယောက်ထဲက မုဆိုးဖိုအဖေကြီးက
ဂိုပယ်တို့အမေရဲ့ ရည်းစားဦးဖြစ်နေပြီး သူတို့ ပြန်ပေါင်းထုပ်ဖို့
ကြိုးစားကြတာကို သားတော်သမီးတော်များက
မတည့်မရှုနဲ့ တကျက်ကျက်ဆန့်ကျင်ကြပုံတွေကို
ဟာသတွေတခွီခွီနဲ့ ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဘောလီးဝုဒ်ရွှေခေတ်ရဲ့ ထုံးစံ အဆိုအကကောင်းကောင်း
စော်လန်းလန်းတွေကို ကမ်းခြေမှာပတ်ပြေးခိုင်းထားတဲ့
သီချင်းအလန်းလေးတွေပါ ကြည့်ရမှာဖြစ်လို့
ရှေ့က Golmaal ကားတွေကိုကြိုက်နှစ်သက်ကြတဲ့
CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးထားတာကြောင့်
လက်မလွတ်တမ်းအားပေးလိုက်ဖို့ ညွှန်းဆိုတိုက်တွန်းလိုက်ပါတယ်။…..