ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ 22 ကြိမ်မြောက် တိုကျိုနိုင်ငံတကာ ရုပ်ရှင် ဆုပေးပွဲမှာ အကောင်းဆုံးအာရှရုပ်ရှင်ဆု ရခဲ့တဲ့ A Brand New Life လို အမည်ရတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ် ။
Thank you for reading this post, don't forget to subscribe!
နာမည်ကြီး ကလေးသရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့တဲ့ ဂင်ဆယ်ရွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးဟာ အဖေဖြစ်သူက ခရီးသွားမယ်လို လိမ်ပြောပြီးတော့ မိဘမဲ့ဂေဟာမှာ လာစွန့်ပစ်ခံလိုက်ရတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ် ။ ခရီးသွားမယ်ဆိုပြီး အဝတ်အစားသစ် ၊ ဖိနပ်သစ်တွေ ဝယ်ပေးပြီးတော့မှ မိဘမဲ့ဂေဟာမှာ မပြောမဆိုနဲ့ ပစ်ထားခံလိုက်ရတဲ့ ၉ နှစ်အရွယ်ကလေးလေး ဂျင်ဟီးအတွက်တော့ မိဘမဲ့ဂေဟာဆိုတဲ့ ပတ်ဝန်းကျင်အသစ်က ဘယ်လိုမှ နေသားကျစရာမကောင်းခဲ့ပါဘူး ။
သူ့လိုအရွယ်ကလေးတွေ ၊ စကားပြောကြမ်းတဲ့ ထမင်းချက်အဒေါ်ကြီး ၊ စစ်စတာနှစ်ယောက် နဲ့ ဂေဟာမှူး အကုန်လုံးက သူ့အပေါ် ကောင်းပေးကြပေမဲ့ ဂျင်ဟီးလေးကတော့ သူ့အဖေလာခေါ်မှာကိုပဲ စောင့်နေတုန်းပါ ။ ဒီလိုစောင့်နေရင်းနဲ့ ရှေ့မှာ တစ်ယောက်ပြီး တစ်ယောက် မွေးစားမိဘနောက်လိုက်သွားကြတဲ့ ကလေးတွေ ပြီးနောက်မှာ ဂျင်ဟီးရော ဘယ်လမ်းကို ရွေးမှာလဲ ။ အဖေလုပ်တဲ့သူကရော ဂျင်ဟီးကို ဘာလို စွန့်ပစ်ခဲ့တာလဲဆိုတာကတော့ A Brand New Life ရုပ်ရှင်မှာ ကြည့်ရှုလိုက်ရအောင်နော် ။
Options | Quality | Language | Size | Clicks | Added | User |
---|---|---|---|---|---|---|
Download | HD 720P | usersdrive.com | ---- | 2 | 4 days | cm |
Download | HD 720P | megaup.net | ---- | 2 | 4 days | cm |
Download | HD 720P | Yoteshinportal.cc | ---- | 2 | 4 days | cm |
Download | FHD 1080P | usersdrive.com | ---- | 3 | 4 days | cm |
Download | FHD 1080P | megaup.net | ---- | 2 | 4 days | cm |
Download | FHD 1080P | Yoteshinportal.cc | ---- | 1 | 4 days | cm |