
Choices
Choices (2024) ရွေးချယ်မှု
ဒီဇာတ်ကားလေးကတော့ 2024ခုနှစ်က ထွက်ရှိခဲ့တဲ့ Romance/Drama အမျိုးအစား
ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ကိုယ့်ဘဝကိုယ်မေ့ထားက မိသားစုအတွက်စွန့်လွှတ် အနစ်နာခံပြီး အမေအိုကြီးကို
အလုပ်အကျွေးပြုနေခဲ့တဲ့ သမီးအလိမ္မာလေး တာရာ ခန်းနာဟာ
အမေနဲ့ သူငယ်ချင်းတို့ရဲ့ တိုက်တွန်းမှုတွေကြောင့် ရည်းစား စထားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သို့ပေမဲ့လည်း ကိုယ်စီးတဲ့မြင်း အထီးမှန်းမသိ အမမှန်း မသိဆိုသလိုပဲတွဲပြီး ၃လအကြာမှ သူတွဲနေတဲ့
အာရဖ်ဆိုသူဟာ အိမ်ထောင်သည်မှန်း သိလိုက်ရတဲ့အခါ…
အစကတည်းက နောက်ကြောင်းမစုံစမ်းဘဲ ရွေးချယ်ခဲ့တဲ့ တာရာခန်းနားရဲ့ အမှားလား…
မယားကြီးအရင်းခေါက်ခေါက် ရှိပါလျက်နဲ့ အပျော်ရှာတဲ့ အာရဖ်ကပဲမှားသလား…
ဘယ်လိုဇာတ်ရှုပ်တွေ ဆက်ပြီးပေါ်ထွက် လာမလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့…
ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။
Director:Abhik Benazir