Remember
black and white ခေတ်ကမင်းသားကြီးChristopher Plummerပါဝင်သရုပ်ဆောင်ထားတဲ့
2015မှာထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ
ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာခေါင်းဆောင်တဲ့နာဇီတွေက
‘ခရစ်စတယ်ည’နာမည်တွင်ခဲ့တဲ့ ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၉-၁၀ ရက်နေ့တွေမှာ
ဂျူးတွေနဲ့ဂျူးတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေဆိုင်ခန်းတွေကို အကြမ်းဖက်ဖျက်ဆီးခဲ့ကြပါတယ်
ဒီဖြစ်စဉ်မှာ ဂျူးလူမျိုး၃သောင်းခန့် အဖမ်းခံရကာစစ်အကျဉ်းစခန်းကို ပို့ခံခဲ့ရပြီး ဂျူး၁၀၀ထက်မနည်းသေဆုံးခဲ့ပါတယ်
ဒီဖြစ်ရပ်ဟာ Holocaust Genocide ကိုဦးတည်စေခဲ့ပါတယ်
Holocaust မှာ ဂျူးများအပြင်LGBTတွေ, လူမည်းတွေ, ဂျစ်ပစီတွေ, မသန်စွမ်းတွေပါ နာဇီတွေရဲ့သားကောင်ဖြစ်ခဲ့ရပါတယ်
Auschwitzလိုစစ်အကျဉ်းစခန်းတွေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု, အဆိပ်ဓာတ်ငွေ့ပေးနှိပ်စက်မှုတွေပါပြုလုပ်ခဲ့ကြပါတယ်
ဒီဖြစ်ရပ်တွေကိုအခြေတည်ထားတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် သမိုင်းကြောင်းစိတ်ဝင်စားသူတွေအကြိုက်တွေ့စေမှာပါ
ဇာတ်လမ်းအကျဉ်းကတော့
သူငယ်ပြန်ရောဂါရှိနေတဲ့ဇက်ဖ်က သူ့မိန်းမဆုံးသွားပြီးနောက်ပိုင်းမှ
ာ
နာဇီလက်ထက်က သူ့ရဲ့မိသားစုကိုသတ်ခဲ့တဲ့ တရားခံဖြစ်တဲ့
စစ်အကျဉ်းစခန်းက ခေါင်းဆောင်ပိုင်းတစ်ယောက်ကိုလိုက်ရှာဖို့အကြောင်းဖန်လာပါတယ်
ဘိုးဘွားရိပ်သာက သူ့သူငယ်ချင်းမက်စ်ရဲ့အကူအညီနဲ့
ဘယ်လိုစိတ်ဝင်စားစရာ ရှာပုံတော်ဖွင့်မလဲ
ဘယ်လို ဇာတ်လမ်းလှည့်ကွက်တွေ ကြုံရဦးမလဲဆိုတာ
နာဇီနဲ့ဂျူးတွေကြားကပဋိပက္ခ သမိုင်းကြောင်းတွေကို ပြန်လည်ခံစားရင်း ရှုစားကြပါဦး
Director:Atom Egoyan, Daniel J. Murphy, Karl Irvine
Stars:Amanda Smith, Bruno Ganz, Christopher Plummer, Dean Norris, Heinz Lieven, Henry Czerny, Jürgen Prochnow, Kim Roberts, Martin Landau, Sean Francis
Country:Canada, Germany, Mexico, South Africa
Year:2015